တိုက်ပွဲသတင်း

မှော်ဝမ်းကလေးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ပစ်ခတ်ခံရပါက ကျေးရွာပျက်စီးသွားမယ်လို့ ခြိမ်းခြောက်နေ

ဖားကန့်မြို့နယ် လုံးခင်းအုပ်စုထဲ ရောက်ရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်းတွေက ဖားကန့်ကျေးရွာအုပ်စု မှော်ဝမ်းကလေးနဲ့ မှော်ဝမ်းကြီးဘက်ကို ဦးတည်ပြီး စစ်ကြောင်းပြန်လည်ဝင်ရောက်လာတဲ့အတွက် KIA နဲ့ PDF တပ်ဖွဲ့တွေကို ပစ်ခတ်မှုမလုပ်ပေးဖို့ ခြိမ်းခြောက်ပြောဆိုမှုတွေရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့  ပတ်ကျော်ခန့်အကြာ လုံးခင်းကျေးရွာအုပ်စုထဲမှာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကြောင်းတွေက ဒီကနေ့ ဇွန်လ ၁၆ ရက်နေ့မှာ မှော်ဝမ်းကလေးကျေးရွာဘက်ကို စစ်ကြောင်းဝင်ရောက်လာပြီး လက်ရှိ မှော်ဝမ်းကလေး ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝင်းမှာ တပ်စွဲထားတယ်လို့ ဖားကန့်ဒေသခံတွေပြောပါတယ်။

စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ မှော်ဝမ်းကလေး ဘုရားဝင်းနဲ့ မီတာ ၃၀၀ အကွာလောက်မှာရှိနေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ပစ်ခတ်တာတွေမလုပ်ဖို့နဲ့ ပစ်ခတ်လာပါက ကျေးရွာပျက်စီးသွားမှာဖြစ်တယ်လို့ စစ်တပ်ဘက်ကခြိမ်းခြောက်ပြောဆိုထားတယ်လို့ ဖားကန့် ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ရက်လောက်ကနေ မဇွပ်ယန်မှာရှိနေတဲ့ စစ်ကြောင်းတွေက ဒီကနေ့ မနက်မှာ မှော်ဝမ်းကလေးဘက်ကို စစ်ကြောင်းဝင်လာတယ်။ အခု စစ်ကြောင်းတွေတပ်စွဲထားတဲ့ ဘုရားဝင်းကနေ မီတာ ၂၀၀  ၃၀၀ လောက်မှာ KIA နဲ့ PDF တွေ ရှိနေတယ်။ သူတို့ကို လာမပစ်ဖို့ပြောတယ်။ တကယ်လို့ပစ်ရင် ကျေးရွာပျက်သွားမယ်လို့ပြောထားတယ်လို့ပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ် ဝင်ရောက်နေပြီဖြစ်တဲ့ မှော်ဝမ်းကလေးမှာလည်း တိုက်ပွဲတွေမဖြစ်ဖို့ စစ်ကြောင်းမှူးတွေနဲ့ လုပ်ငန်းရှင်တွေနဲ့ ညှိနှိုင်းမှုတွေလည်း ရှိနေတယ်လို့ ဆက်သိရပါတယ်။

ဖားကန့် မှော်ဝမ်းကလေးဘက်ကို စစ်ကြောင်းပြန်လည်ဝင်ရောက်လာတဲ့အတွက် မှော်ဝမ်းကလေးကျေးရွာရှိ ပြည်သူတွေ ၈၀ ရာခိုင်နှုန်းခန့်က ထွက်ပြေးတိမ်းရှောင်သွားကြပြီး လက်ရှိမှာ ကျေးရွာထဲက ရပ်မိရပ်ဖတစ်ချို့သာ ကျန်ရှိနေကြတယ်လို့ ဆိုပါတယ်။

မှော်ဝမ်းကလေး ကျေးရွာမှာ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ နောက်ပိုင်း လုံးခင်းအုပ်စု မှော်ဆီစာ၊ မဇွပ်ယန်၊ ကဋေမှော် စတဲ့ ကျေးရွာတွေ စစ်ရေးလှုပ်ရှားပြီး ကုမ္ပဏီလုပ်ကွက်ထဲက စက်ယန္တရားတွေကို မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဖားကန့် ဒေသခံတွေရဲ့ ပြောဆိုချက်အရ စစ်ကောင်စီတပ် စစ်ကြောင်းတွေဟာ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့  ပတ်အတွင်းမှာ လုံးခင်းကျေးရွာအုပ်စုရှိ ကျေးရွာအသီးသီးက  ကျောက်စိမ်းတူးဖော်တဲ့ လုပ်ငန်းရှင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ဖားကန့်ကျေးရွာအုပ်စု ဘက်ကို ပြန်လည်ဝင်ရောက်လာတာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ထဲ ဖားကန့်မြို့န်ထဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ နေရာတွေအားလုံးကို ပြန်လည်ရယူဖို့ရန်အတွက် မှော်ဝမ်းကလေး၊ မှော်ဝမ်းကြီးနဲ့ မော်မောတောင်အထိ စစ်ကြောင်းထိုးဖို့ ရှိတယ်လို့ ဖားကန့် ဒေသခံတွေက သုံးသပ်ပါတယ်။

ဒီစစ်ကြောင်းတွေက ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ လုံးခင်းအုပ်စုထဲမှာ သူတို့ လုပ်စရာရှိတာ လုပ်ပြီးတော့ ဒီဘက်ကို ပြန်ဝင်လာကြတာဖြစ်တယ်။ အခုက မှော်ဝမ်းကလေးကနေ မှော်ဝမ်းကြီး၊ မော်မောတောင်တစ်ကြောအထိ သွားဖို့ ဖြစ်နိုင်တယ်။ လုံးခင်းအုပ်စုထဲမှာ ပြီးသွားလို့ ဖားကန့်အုပ်စုထဲကို ပြန်ဝင်လာတဲ့ သဘောပါလို့ဖားကန့် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဖားကန့် ဒေသထဲကို စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်လာတဲ့ နောက်ပိုင်း လုပ်ငန်းရှင်ကုမ္ပဏီတွေရဲ့ စက်ယန္တရားအများအပြား မီးရှို့ဖျက်ဆီးခံနေရသလို  အရပ်သားပြည်သူတွေ အစုလိုက်အပြုံလိုက် သေဆုံးမှု ဆင်္ကတိုက်ဖြစ်ပေါ်နေပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းတွေ ဝင်ရောက်လာတဲ့  ပတ်ကျော်အတွင်း အရပ်သားပြည်သူသေဆုံးသူ ၃၀ ဦးအထိ ရှိလာတယ်လို့ ဖားကန့်ဒေသခံတွေဆီကနေ သိရပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button
OSZAR »