စစ်ပြေးဒုက္ခသည်များ
-
Jun- 2025 -13 June
ရေဘေးသင့် ချီဖွေစစ်ရှောင်တွေကို နေရပ်ပြန်နိုင်ရေး ဦးစားပေးဆောင်ရွက်ပေးမယ်လို့ ချီဖွေအုပ်ချုပ်ရေးအဖွဲ့ပြော
ကချင်ပြည်နယ်၊ ချီဖွေမြို့တွင်း ရေဘေးသင့်ခဲ့တဲ့ စစ်ဘေးရှောင်ပြည်သူတွေကို မိမိနေရပ်ပြန်လည်နေထိုင်နိုင်ရေး ဦးစားပေးဆောင်ရွက်ပေးသွားမယ်လို့ ချီဖွေမြို့ KIO အုပ်ချုပ်ရေးအဖွဲ့ကနေ သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့ကစပြီး ဇွန်လ ၂ ရက်နေ့အထိ ချီဖွေမြို့မှာ မေခမြစ်ရေကြီးရေလျှံမှုကြောင့် မြစ်ကမ်းဘေးတစ်လျှောက်ရှိ နေအိမ်တွေနဲ့စစ်ရှောင်စခန်းအားလုံးနီးပါး ရေထဲမျှောပါသွားတဲ့အတွက် စစ်ရှောင်အိမ်ခြေ ၁၇၁ အိမ်နဲ့လူဦးရေစုစုပေါင်း ၈၁၈ ဦးရှိရေဘေးသင့်ခဲ့တယ်လို့ သိရပြီး ဒီစစ်ရှောင်အားလုံးကို နေရပ်ပြန်လည်နေထိုင်နိုင်ရေး အဓိကလုပ်ဆောင်သွားမယ်လို့ ချီဖွေမြို့ KIO တာဝန်ရှိသူတစ်ဦး KNG ကို ပြောပါတယ်။ “နေစရာနဲ့ပတ်သက်ရင်တော့ ဒီဘက်မှာတော့ ဘာပဲဖြစ်ဖြစ် စစ်ရှောင်ဆိုပေမဲ့ အခြားစစ်နဲ့ပတ်သက်တာစိုးရိမ်စရာတွေမရှိတော့တာကြောင့် နဂိုမူလ မိမိနေရပ်ကျေးရွာကို ပြန်လို့ရတဲ့သူတွေများတာကြောင့်အဲဒီဘက်ကိုပဲ အားစိုက်ထောက်ပံ့ပေးသွားဖို့ ပြင်ဆင်ထားတယ်။ ဒီမိုးတွင်းတော့မဟုတ်ဘူး။မိုးတွင်းကုန် သွားလာရေးအဆင်ပြေလာပြီဆိုရင်တော့ မိမိမူလနေရပ်ကို ပြန်သွားကြဖို့ အဓိကအစီအစဉ်ဆွဲနေပါတယ်”လို့ ပြောပါတယ်။ လက်ရှိမှာ ရေဘေးသင့်စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာကို ချီဖွေမြို့သက်ဆိုင်ရာ KIO ကော်မတီအဖွဲ့က ထောက်ပံ့ပေးနေတယ်လို့သိရပြီး ရေဘေးသင့်စစ်ဘေးရှောင်ပြည်သူတွေအားလုံးက ချီဖွေမြို့ရှိ အသင်းတော်ဘုရားကျောင်းဝင်းတွေနဲ့ ဆွေမျိုးအသိအိမ်တွေမှာ ခိုလှုံနေကြရတယ်လို့ သိရပြီး KBC စစ်ဘေးရှောင်စခန်းနဲ့ လော်ဝေါ်နှစ်ခြင်း စစ်ရှောင်စခန်းထဲက စစ်ဘေးရှောင်ပြည်သူတွေအများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ လတ်တလော ဒီရေဘေးသင့်ပြည်သူတွေကို ချီဖွေမြို့သက်ဆိုင်ရာ KIO အစိုးရက အရင်ဦးဆုံး တစ်ပတ်စာ စားနပ်ရိက္ခာ ထောက်ပံ့ပေးခဲ့ပြီး လက်ရှိမှာတော့ နေရပ်မပြန်သေးခင်ကာလမှာနေဖို့ စစ်ရှောင်တွေအတွက်ယာယီနေရာချထားရေးအတွက် ပြင်ဆင်သွားဖို့ရှိတယ်လို့ပြောပါတယ်။ ဒီနှစ်ရဲ့မေခမြစ်ရေမြင့်တက်မှုဟာ ယခင်နှစ်ထက် စံချိန်တင်မြင့်တက်ခဲ့တာကြောင့် စစ်ရှောင်စခန်းအားလုံးရေထဲမျောပါသွားတဲ့အတွက် စစ်ရှောင်တွေဟာ အခြေခံစားသောက် ကုန်နဲ့အသုံးအဆောင်၊အဝတ်အထည်တွေလည်း အားလုံးဆုံးရှုံးခဲ့ကြရတာလို့ဆိုပါတယ်။ ဒါကြောင့်…
Read More » -
10 June
စစ်ဘေးသင့် ပြည်သူတွေကို ထိရောက်စွာ ကူညီစောင့်ရှောက်နိုင်ရေးအတွက် ကချင်အဖွဲ့အစည်းများ တောင်းဆိုထား
ကချင်ဒေသတစ်ကျော့ပြန် စစ်ပွဲစတင်ခဲ့ခြင်း ၁၄ နှစ်ပြည့်သော ဇွန်လ ၉ ရက်နေ့မှာ စစ်ဘေးသင့် ကချင်ဒေသက ပြည်သူတွေကို ထိရောက်စွာ ကူညီစောင့်ရှောက်မှုတွေ ပြုလုပ်ပေးဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ကချင်အရပ်ဘက် အဖွဲ့အစည်း ၂၄ ဖွဲ့က တောင်းဆိုလိုက်ပါတယ်။…
Read More » -
4 June
မိုးရာသီဝင်ရောက်လာသည်နှင့် စစ်ရှောင်များ ရာသီတုပ်ကွေးနဲ့ ဖျားနားမှု ကြုံတွေ့နေရ
ကချင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် တောတွင်းတဲများဖြင့် စစ်ဘေးရှောင်နေကြရသော ပြည်သူများသည် မိုးရာသီစတင် ဝင်ရောက်လာသည်နှင့်အတူ ရာသီတုပ်ကွေးနှင့် အခြားကူးစက်ရောဂါများ ဖြစ်ပွားနေပြီး အမိုးအကာ ပြဿနာများ ကြုံတွေ့နေရကြောင်း သိရသည်။ ဆွမ်ပရာဘွမ်မြို့နယ်နှင့် ပူတာအိုမြို့နယ်ကြားရှိ တောတွင်းတစ်နေရာတွင် စစ်ဘေးရှောင်နေကြရသော ဆွမ်ပီယန်ပြည်သူများသည် တောတွင်းတဲထိုးပြီး…
Read More » -
May- 2025 -24 May
ဖားကန့်လမ်းပိုင်းက စစ်ရှောင်တစ်ချို့ လူသားဒိုင်းအဖြစ်ဖမ်းဆီးခံရ
ကချင်ပြည်နယ် ဖားကန့်မြို့ကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကြောင့် တောတွင်းတိမ်းရှောင်နေကြတဲ့ စစ်ရှောင်တစ်ချို့ ရွာထဲစားနပ်ရိက္ခာပြန်ဝင်ယူချိန် စစ်တပ်ရဲ့လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရတာတွေ ကြုံနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ကားမိုင်း– ဖားကန့်လမ်းပေါ်က နန့်ယား၊ ဆိုင်းဖရာ၊ ခွမ်စိုင်ဇွပ်၊ ကပ်မှော်၊ တံတားညီနောင်၊ ပျားအုံနဲ့…
Read More » -
9 May
နေရပ်စွန့်ခွာစစ်ရှောင်တွေအတွက် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းမှ အလှူခံ
မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း (ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့) အဖွဲ့က ကချင်ပြည်နယ်အတွင်း တိုက်ပွဲကြောင့် ယာယီနေရပ်စွန့်ခွာနေတဲ့ စစ်ရှောင်တွေအတွက် လိုအပ်တဲ့နေရာတွေမှာ အသုံးပြုနိုင်ဖို့ အလှူခံနေတာ ဖြစ်တယ်လို့ KNG ကို ပြောပါတယ်။ အလှူငွေကောက်ခံမှုကိုတော့ မေလ ၇ ရက် မြစ်ကြီးနားမြို့…
Read More » -
Apr- 2025 -9 April
တနိုင်းလီဒိုလမ်းမပေါ်ရှိ ကျေးရွာ ၄ ရွာက စစ်ဘေးရှောင်များ နေရာထိုင်ခင်း နဲ့ စားနပ်ရိက္ခာ အခက်ကြုံနေ
ကချင်ပြည်နယ် တနိုင်းလီဒိုလမ်းမပေါ်ရှိ ဝါရာဇွပ် နဲ့ လဝါးကျေးရွာအနီး တိုက်ပွဲတွေကြောင့်တိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်များ နေရာထိုင်ခင်းနဲ့စားနပ်ရိက္ခာအခက်ကြုံနေတယ်လို့ စစ်ရှောင်များထံကနေ သိရပါတယ်။ တနိုင်းလီဒိုလမ်းမပေါ် ကချင်လွတ်လပ်ရေးတပ်မတော်နဲ့မင်းဇေသန့်ပြည်သူ့စစ်တပ်တို့အကြား ဇန်နဝါရီလစတင်လာတဲ့ တိုက်ပွဲကြောင့် ဝါရာဇွပ်ဒေသခံတွေအပါအဝင် ကွမ်စိုင်ယန်၊ ဒွမ်ဘန်၊ လဝါးစတဲ့ကျေးရွာတွေထဲက ဒေသခံပြည်သူအများပိုင်း တောမှာ ကတုတ်ကျင်းတူးပြီး မိုးကာတဲတွေနဲ့ တိမ်းရှောင်နေသူတွေရှိသလို နမ္မတီးမြို့ပေါ် ရှိ လမ်းခွ၊ ကံလှ၊ ဝအောင်…
Read More » -
Mar- 2025 -10 March
တိုက်ပွဲဖြစ်လာနိုင်တယ်ဆိုတဲ့ သတင်းကြောင့် လုံရှာယာန်ဒေသခံတစ်ချို့ကြိုတင်တိမ်းရှောင်တာတွေရှိနေ
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ လုံရှာယာန်ကျေးရွာဘက် တိုက်ပွဲဖြစ်ပွားလာနိုင်တယ်ဆိုတဲ့သတင်းထွက်လာပြီးနောက် ကျေးရွာနေပြည်သူတစ်ချို့ ကြိုတင်တိမ်းရှောင်နေကြတယ်လို့ လုံရှာယန်ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ကောင်စီစစ်သားအင်အားအလုံးအရင်းနဲ့တပ်စွဲထားတဲ့ လုံရှာယာန်ကျေးရွာကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တိုက်ခိုက်လာနိုင်တယ်ဆိုတဲ့သတင်းဟာ ဒီနှစ် ဖေဖော်ဝါရီလဆန်းပိုင်းကစပြီး ဒေသခံတွေကြားပျံ့နှံ့နေတဲ့အတွက် လုံရှာယာန်ကနေ ပူတာအိုမြို့ဘက်ကြိုတင်တိမ်းရှောင်တာတွေလုပ်နေကြတယ်လို့ ပူတာအိုမြို့ပေါ်တိမ်းရှောင်လာတဲ့ လုံရှာယန်ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “ဒီတစ်ခေါက်ကသေချာမယ်ထင်တယ် လုံရှာယန်တိုက်မယ်ဆိုတာတော့ ကြားနေရတာကြာပြီ။ ဒါပေမယ့် ကလေးတွေစာမေးပွဲမပြီးသေးလို့မတိုက်သေးတာ ကလေးတွေစာမေးပွဲပြီးရင်တော့တိုက်မယ်ဆိုပြီးသတင်းထွက်နေတော့ အခုစာမေးပွဲ ပြီးကြပြီလေ။ ဟုတ်ဟုတ်မဟုတ်ဟုတ်ကြိုတင်တိမ်းရှောင်တာကောင်းတယ်ဆိုပြီး မြို့ပေါ်ကိုရောက်လာတာမိသားစုလိုက်”လို့ပြောပါတယ်။ ဒေသခံတွေပြောချက်အရ အခြေခံစာသင်ကျောင်းစားမေးပွဲပြီးတာနဲ့ လုံရှာယာန်ရွာမှာတိုက်ပွဲဖြစ်လာနိုင်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတာဖြစ်ပြီး…
Read More » -
Feb- 2025 -14 February
တောတောင်ထဲ စစ်ရှောင်နေတဲ့ ဆွမ်ပီယန်ဒေသခံတွေ အခက်အခဲ ရင်ဆိုင်နေရ
ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာမှာ စစ်ကောင်စီ တပ်စွဲလိုက်တဲ့နေ့က စတင်ပြီး ဒေသခံတွေ တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေရတာ ၁၀ လ ပြည့်လာပြီး ခက်ခဲမှုများစွာ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ ဆွမ်ပီယန် ကျေးရွာမှာ စစ်တပ်ဝင်ရောက်တပ်စွဲထားပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ စစ်ရေးတင်းမာနေတာကြောင့် ဒေသခံရွာသားတွေ ယခုချိန်ထိ နေရပ်ပြန်ခွင့် မရသေးပဲ တောထဲမှာ…
Read More » -
Jan- 2025 -31 January
ဝိုင်းမော် စစ်ရှောင်စခန်း ကိုယ်ထူကိုယ်ထ စာသင်ကျောင်း ဆက်လက်ဖွင့်လှစ်ဖို့ ခက်ခဲနေ
ဝိုင်းမော်မြို့နယ်၊ လဘန်ကျေးရွာရှိ စစ်ရှောင်စခန်း ကိုယ်ထူကိုယ်ထကျောင်းကို ဆက်လက် လည်ပတ်သင်ကြားနိုင်ဖို့ ငွေကြေး အခက်အခဲဖြစ်နေတယ်လို့ အောင်မြေ၂ စစ်ရှောင်စခန်း ပညာရေးတာဝန်ခံက KNG ကိုပြောပါတယ်။ လဘန်ကျေးရွာရှိ စစ်ရှောင်စခန်း ကိုယ်ထူကိုယ်ထကျောင်းမှာ KG အတန်းကနေ ဒုတိယတန်း အထိ ဖွင့်လှစ်ထားတာဖြစ်ပြီး ကလေးသူငယ် ၃၅ ဦးထိ ရှိတယ်လို့ သိရပါတယ်။ ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းဖြစ်တဲ့အတွက် ကလေးတစ်ဦးကို…
Read More » -
15 January
ဖားကန့်ဘက်ရောက်နေတဲ့ ဟုမ္မလင်းနယ်ထဲက စစ်ဘေးရှောင်တွေ အကူအညီလိုအပ်နေ
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲကို ရောက်နေတဲ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ထဲက စစ်ဘေးရှောင်တွေအတွက် အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။ ဖားကန့်နဲ့ ဟုမ္မလင်းမြို့နယ်ထဲအစပ် ပါဟုတ်ကြီးကျေးရွာ၊ လာရာတီးကျေးရွာနဲ့ ရေပေါ်မီးကျေးထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့ကတည်းက SNA စစ်ကောင်စီ ပူးပေါင်းတပ်တွေနဲ့ KIA၊ PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ပြင်းထန်နေပြီး တိုက်ပွဲကြောင့် ဖားကန့်မြို့နယ်ဘက်ကို တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေအတွက် အကူအညီလိုအပ်နေတယ်လို့ ဖားကန့်…
Read More »